Powered by Blogger.
 
 
31.3.13

Samsung Galaxy Camera Root လုပ်နည်း



ကျွန်တော်လည်း သူငယ်ချင်းများအတွက် အသစ်အသစ်ကလေးတွေ ကိုတင်ပေးချင်တာနဲ့ဟိုရှာဒီရှာနဲ့ ဒါလေးသွားတွေ့လို့ အသစ်ကလေးပဲဆိုပြီး တင်ပေးဖြစ်သွားတာပါ။
ဖုန်းတွေမှာတင် root လုပ်လို့အားမရလို့ Camera ကို root လုပ်ချင်တဲ့သူငယ်ချင်းများအတွက် ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်။

အရင်ဆုံးလိုတာလေးတွေ အရင်ဆုံးဒေါင်းလိုက်ပါ။


Driver အတွက်က တင်မပေးတော့ဘူးနော် Samsung kies လေးတင်ထားရင်ရပါပြီခင်ဗျာ။

Rooting Package

>> Download <<

Odin3_v3.04

>> Download << 

အရင်ဖုန်း Odin လေးကို zip ဖြည်ပြီး admin mode လေးနဲ့ run ပေးထားပါ။ ပြီးရင် pda ဆိုတဲ့နေရာလေးမှာ အမှတ်ကလေးခြစ်ပြီးတော့ဒေါင်းလုပ်ချထားသော rooting package လေးကို
zip ဖြည်ပြီး CF-Auto-Root-gd1-gd1xx-ekgc100.tar.md5 ဆိုတဲ့ဖိုင် လေးကိုထည့်ထားပေးပါ။
လေးကိုထည့်ထားပေးပါတယ်။

ပြီးရင်တော့ Camera ကို ပါဝါပိတ်လိုက်ပါ။ Downloading mode ကိုဝင်ပါ့မယ် ၀င်ရမဲ့ ခလုပ်တွေကတော့
volume down, camera and power buttons ပါဝါ ဖြစ်ပါတယ်။ warning message လေးမြင်ရရင်တော့ volume up ကိုတစ်ချက်နှိပ်လိုက်ရင် downloading mode ကိုရောက်ပါပြီခင်ဗျာ။
အဲဒါလေးတွေပြီးသွားတဲ့အခါမှာတော့ Camera ကို PC နဲ့ချိတ်လိုက်ပါ။ Odin ရဲ့ ID:COM မှာ အ၀ါရောင်လေးလင်းလာပြီး ကွန်ပျူတာက သိသွားပြီးဆိုရင်တော့ စလို့ရပါပြီး အ၀ါရောင်လေး မလင်းပဲ မသိဘူးဆိုရင်တော့ driver ကိုပြန်သွင်းပြီး ကွန်ပျူတာကို restart ချပြီး အစအဆုံးပြန်လုပ်ကြည့်ပါ။

သတိထားရမှာတွေကတော့ odin ရဲ့ ဘယ်နေရာမှ အပြောင်းအလဲမလုပ်ပါနဲ့ re-partition တစ်ခုပဲ အမှန်ခြစ် (မခြစ်)ပါနဲ့ခင်ဗျာ။ ပြီးရင်တော့ Odin ရဲ့ start သာနှိပ်လိုက်ပါ။ pass ပေါ်လာရင် ပြီးပါပြီခင်ဗျာ။
တကယ်လို့ odin If Odin refuse to install the update and show message FAIL ပေါ်လာတယ်ဆိုရင်တော့ odin ကိုပိတ်ပြီး ကွန်ပျူတာနဲ့ချိတ်ထားတာကို ဖြုတ်ပါ။ camera ရဲ့ ဘက်ထရီကို ခဏထုတ်ပြီး ပြန်ထည့်ပြီး အစအဆုံးပြန်လုပ်ပါ။
အားလုံးအောင်မြင်သွားပြီးဆိုရင်တော့ သူငယ်ချင်းများရဲ့ camera လေးက root လုပ်ပြီးသား camera လေးဖြစ်သွားပါပြီး မည်သည့် root လိုအပ်သော app လေးဖြင့်ဖြင့်ထည့်ကြည့်ပြီး စမ်းကြည့်နိုင်ပါတယ်ခင်ဗျာ။ သူငယ်ချင်းအားလုံးအတွက် ပြန်လည်မျှဝေပေးတာပါ။


0 comment:

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels