Powered by Blogger.
 
 
30.3.13

ကွန်ပျူတာပေါ်မှ CPU အမျိုးအစားကို ချိန်းနည်း

ဒီနည်းလမ်းလေးကတော့ မိမိ ကွန်ပျူတာက cpu က နဲနဲနိမ့်နေလို့ မျက်နှာ ငယ်နေရတဲ့ သူငယ်ချင်းများအတွက် သူများတွေ အထင်ကြီးအောင် ကြွားနည်းလေးပါ။ တစ်နေ့က သူငယ်ချင်းတစ်ယောက်မေးလို့ သတိရတာနဲ့ပြန်လည်မျှဝေပေးတာပါ။ တစ်လောကလဲ ကြားမိလိုက်ပါတယ်။ရန်ကုန်နဲ့နေပြည်တော်မှာ နိုင်ငံခြားသားဟန်ဆောင်ပြီး ကွန်ပျူတာလိမ်ရောင်းတဲ့အဖြစ်အပျက်ကလေး ကိုသတိရတာလဲပါပါတယ်။ ၀ယ်ပြီးမှ ကွန်ပျူတာ က cpu က အနိမ့်ကြီးဖြစ်နေတယ်ခင်ဗျာ။ သူများကိုလိမ်ရောင်းဖို့တော့မဟုတ်ပါဘူး ဗဟုသုတအနေနဲ့တင်ပေးလိုက်တာဖြစ်ပါတယ်။ 

အရင်ဆုံး window key + R ကို အတူတူနှိပ်ပြီး run box ကိုခေါ်လိုက်ပါ။ ပြီးရင် regedit လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။ Registry Editor ကျလာပါလိမ့်မယ်။ အဲဒီထဲကိုရောက်သွားပြီးဆိုရင်တော့ တစ်ဆင့်ခြင်းဝင်ပါ့မယ်။
HKEY_LOCAL_MACHINE>HARDWARE>DESCRIPTION>System>CentralProcessor>0>
ProcessorNameString ဆိုတဲ့အထဲဝင်ပြီး မိမိကြိုက်နှစ်သက်ရာကို ပြင်နိုင်ပါတယ်ခင်ဗျာ။ အောက်မှာလဲ ပုံလေးနှင့်တကွပြထားပါတယ်။ 

 သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။ မဟုတ်တာတော့ လုပ်ရဘူးနော်...

1 comment:

ChitThu said...

facebook က movies file တွေ ကို ဘယ်လို down ရမလဲသိချင်ပါတယ်
ပြောပြပေးပါ ကျေးဇူးတင်ပါတယ်

Post a Comment

နည်းပညာ၊ Software နှင့် နည်းပညာ စာအုပ်များ မျှဝေရာ....
www.pyayblogger.com
မှကြိုဆိုပါတယ်....

Updates Via E-Mail

Popular Posts

Labels